ဂွမြို့နယ် ကင်းပုံကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်

ဂွ   ဒီဇင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကင်းပုံကျေးရွာအုပ်စု၊ ကင်းပုံကျေးရွာသို့ ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ထုတ်ပေးရေးအတွက် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူ အသက်(၁၈)နှစ်နှင့်အထက် ကျား(၅၁)ဦး၊ (၅၃)ဦး၊ စုစုပေါင်းလူဦးရေ (၁၀၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်