နမ့်စန်(တ) ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ အပေါ် အတိုး ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်းက အသင်းအခြေအနေနှင့် အသင်းသား များ၏ စုဆောင်းငွေအပေါ် အတိုးငွေထုတ်ပေးခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စိုင်းလှိုင်ဝင်းနိုင်၊ ဦးဇေယျာဟန်၊ ဦးဖေမောင်တင်၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း နှင့် တာဝန်ရှိသူများက ဝန်ထမ်းပေါင်းစုံငွေစုငွေချေးအသင်းသား ၇၈၁ ဦးအတွက် စုဆောင်းငွေအပေါ်အတိုးငွေ စုစုပေါင်း ၄၁၃၄၀၁၈၈ ကျပ်ကို သက်ဆိုင်ရာဌာနနှင့် ကျောင်းများ အလိုက် ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ဌာနအကြီးအကဲများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်