မြစိမ်းရာင်စီမံကိန်းနှင့် VDP စီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲကျင်းပ

ဇေယျာသီရိ  ဒီဇင်ဘာ  ၂၁

ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရာင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာ အား ရန်ပုံငွေလွှဲ ပြောင်းပေးအပ်ပွဲအား ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမျိုးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် အတွက် မြစိမ်းရာင်ကျေးရွာစီမံကိန်းအား လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃ဝဝ မတည်ပေး၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ ဆန္ဒသဘောနှင့်အညီ မိမိတို့ကျေးရွာ၌ လိုအပ်ချက်များအား ကျေးရွာရှိ ပြည်သူများမှ ကိုယ်တိုင်ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ (၁) ရွာလျှင် ငွေကျပ် သိန်း၁ဝဝဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်း အားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာကော်မတီဝင်များအနေဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလေးထားဆောင်ရွက် ရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်း များက မြစိမ်းရာင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(မြောက်)ရွာအား ရန်ပုံငွေကျပ် သိန်း ၃ဝဝ ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်း ကျေးရွာ၊ ကံဦးကျေးရွာ ၊ ဝက်စုကျေးရွာ ၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ သာယာစုကျေးရွာတို့အား ကျေးရွာ(၁)ရွာလျှင် ရန်ပုံငွေကျပ် သိန်း၁ဝဝဆီ စုစုပေါင်းရန်ပုံငွေကျပ် သိန်း ၈ဝဝ အား သက်ဆိုင်ရာ စီမံကိန်းဝင်ကျေးရွာများမှ ကော်မတီများထံသို့ လွှဲပြောင်း ပေးအပ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)