ငဖဲ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဌေးက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်းသားကျောင်းသူများအချင်းချင်း အားကစား စိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြရန် ပြောကြားသည်။
ထို့နောက် အားကစားပြိုင်ပွဲများအဖြစ် အခြေခံပညာအထက်တန်းဆင့်နှင့်အလယ်တန်းဆင့် ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အခြေခံပညာမူလတန်းဆင့် မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားပြိုင်ပွဲများကို (၃)ရက်ကြာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
မယု(ငဖဲ)