သတင်းများ

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ
Jan 13,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jan 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 13,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀မိနစ် အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 
ပုဗ္ဗသီရိမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ
Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ယခုနှစ်ကွမ်းသီးများဈေးကောင်းရရှိ သံတောင်ကြီး
Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက် မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကွမ်းသီးများဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင်ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူများစျေးကောင်းရရှိ၍အဆင်ပြေလျက်ရှိ
Jan 13,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက် ရှိကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းနှင့် ပရဟိတအဖွဲ့ဝင်များ အား ပရဟိတလုပ်ငန်းစိစစ်ရေး ကတ်ပြားများပေးအပ်
Jan 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ပရဟိတအဖွဲ့များအား ပရဟိတလုပ်ငန်း စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင် တဝရွှေဂူ ကြီးဘုရား အာရုဏ်ခံတန်ဆောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။