ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ဇေယျာသီရိ   ဇန်နဝါရီ  ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကျောင်းသား/သူကလေးငယ်များ မိမိတို့ဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သာစည်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ ကလေးငယ် (၁၀)ဦးက မိမိတို့ကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)