ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ကျောက်ကြီး ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း နတ်သံကွင်းကျေးရွာအုပ်စုရှိ တောင်သူ (၂၀၇)ဦးအား ဆောင်းရာသီ စိုက်ပျိုး ဧက (၁၅၁၂)ဧကအတွက် ချေးငွေ (၁၅၁၂၀၀၀၀၀) ကျပ်သိန်းအား ထုတ်ချေးပေးသွားမည်ဖြစ် ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၁ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရေး လုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လုံးအတိုင်း အတာဖြင့် ကျေးရွာအုပ်စု (၇)အုပ်စုရှိ ခန့်မှန်းတောင်သူ (၅၀၀)ဦး၊ ဆောင်းရာသီ စိုက်ပျိုးဧက (၅၀၀၀)ဧက ကို တစ်ဧကလျှင် တစ်သိန်းနှုန်းထုတ်ချေး ပေးသွားမည်ဖြစ်ကာ အတိုးနှုန်းတစ်နှစ် လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်စန္ဒာလွင်က ပြောကြားခဲ့သည်။

 စိုက်ပျိုးစရိတ် ချေးငွေများချေးယူရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) မူရင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ချေးငွေစိစစ်ရေး အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အတည်ပြု ထောက်ခံချက်ဖြင့်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့က စတင်၍ ရေလဲကျေးရွာအုပ်စု၊ ငထွေဆုပ်ကျေးရွာအုပ်စု၊ ရွာကြီးအင်းကျေးရွာအုပ်စု၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ မြို့မအုပ်စု၊ အင်းနက်ကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၇)အုပ်စုရှိ ဆောင်းသီးနှံစိုက် တောင်သူများအား ဇန်နဝါရီလကုန်တွင် အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ် ပြန်/ဆက်