ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

တွံတေး  ဇန်နဝါရီ   ၁၃

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

‘‘ကျွန်တော်’’ကတော့ တွံတေးမြို့နယ် မင်းပိုင်းရပ်ကွက်မှ နေထိုင်တဲ့ဦးချစ်အေးဖြစ်ပါတယ်။ အိမ်မှာက မိသားစု(၆)ဦး နေထိုင် ပါတယ် ။အိမ်မှာကျွန်တော်တစ်ဦးထဲ သြဂုတ်လ ၅ရက်နေလောက်မှာ အနံ့စတင် ပျောက်သွားသည့်အတွက် အဲ့ဒီနေ့မှာဘဲ မြို့နယ်ဆေးရုံမှာပြသရာ ဆရာဝန်မှ ကိုဗစ်လက္ခဏတွေ့ရှိရ သည့်အတွက် ဆေးရုံရှိ Quarantine စင်တာဝင်ရောက်နေထိုင်ပြီး ဂရုစိုက်ဖို့မှာလိုက်သည့်အတွက် ဆရာဝန်မှာကြားတဲ့အတိုင်း Quarantine  စင်တာမှာနေပါတယ်။ ကျွန်တော်ကျန်းမာရေး ဂရုတစိုက်နေ ထိုင်ပင်မဲ့ အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်းများ ခံစားလာရသည့်အတွက် ဒုတိယအကြိမ် ဆရာဝန်နှင့် ထပ်မံပြသခဲ့ရာ ဆရာဝန်မှအသကရှူလေ့ကျင့်ခန်းကို စနစ်တကျနည်းလမ်းမှန်မှန်လုပ်ဖို့၊ ဘီတာမင် C ၊ ဘီတာမင် A အားဆေးများကို အချိန်မှန်သောက်ဖို့၊ အဟာရရှိတဲ့ အစားအစာများကို အချိန်မှန်စားဖို့နှင့် ကြောက်စိတ်မထားရန် ညွှန်ကြား ခဲ့ပါတယ်။ ကျွန်တော်အနေနှင့် ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဂရုစိုက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အားဆေးများ အချိန်နဲ့သောက်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းများကို အချိန်မှန်လုပ်ခြင်း၊ တရားထိုင်ခြင်းများ ပုံမှန်လုပ်ခြင်းဖြင့် ဩဂုတ် ၁၅ရက်နေ့တွင် အနံ့ပြန်လည်ရရှိလာပြီး အိမ်တွင်(၇)ရက်ကြာနေထိုင်ခဲ့ ပါတယ်။

ကျွန်တော်အနေဖြင့် ပြောချင်တာကတော့ ကိုဗစ်-၁၉ရောဂါ လက္ခဏပြလာပြီဆိုရင် မကြောက်ပါနှင့်စိတ်ကိုခိုင်ခိုင်ထားပါ။ အချိန်မှန်အိပ်ပါ၊ အားရှိသောအစားအစာများ ပုံမှန်စားသောက်ပါ။ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ပြီးတော့ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း အပြင်သွားတိုင်း (Mask) တပ်ပါ၊ လက်ကိုမကြာခဏဆေးကြောပါ၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ အထူးပြောချင်တာက ကျွန်တော်က ကိုဗစ်-ရောဂါကာကွယ်ဆေးထိုးထားတယ် ကျွန်တော်အသက်အန္တရာယ်တော့ မရှိဘူး။ ဒါကြောင့်ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရောဂါကူးစက်ခံရမှုကို  အထိုက်အလျောက် ကာကွယ်ပေးတာဖြစ်မယ် ထင်ပါတယ်၊  ပြည်သူများအနေနှင့်လည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြပါရန် အားလုံးကို တိုက်တွန်း ပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

တွံတေးသား