နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက်  ဇန်နဝါရီ  ၁၃ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နာရီ ၃၀မိနစ် အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က Covid Shield ကာကွယ်ဆေးထိုးနှံပြီး၍ ()လပြည့်ပြီးသူများ တတိယအကြိမ် ဆက်လက်ထိုးနှံနိုင်ရေးကြိုတင်ပြင်ဆင်ထားရန်၊ ဆေးများထိုးနှံပေးရာတွင် အဆင်ပြေ ချောမွေ့စွာ ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ လက်ရှိဆေးထိုးနေမှုအခြေအနေများအားချပြ ရှင်းလင်းခြင်းနှင့် မြို့အဝင်/အထွက်စစ်ဆေးရေး ဂိတ်များနှင့် မြို့မဈေး(ယာယီဈေး)အတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ ထားသော အထောက်အထားများ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးအကြောင်းအရာများ နှိုးဆော်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်ပြီးတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့သည်။ 

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်