ပုဗ္ဗသီရိ ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ခင်လယ်လယ်ချစ်တို့မှ မူးယစ်ဆေးဝါးဆိုတာဘာလဲ၊ မူးယစ်ဆေးဝါး ပေါ်ပေါက်လာပုံများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး ခေတ်အဆက်ဆက် တားဆီးနှိမ်နင်းခဲ့ပုံများအကြောင်း၊ မူးယစ်ဆေး စွဲသူများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကြောင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)