သံတောင်ကြီး ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက် မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကွမ်းသီးများဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကွမ်းသီးစိုက်ပျိုး တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း(၇)နှစ်တွင်စတင်သီးပြီး အသီးရင့်မှည့်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် ခူးယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးပင် တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိခူးယူလေ့ရှိပြီး ယခုနှစ် ကွမ်းသီး အခြောက်တစ်ပိဿာကျပ်(၇၀၀၀)မှကျပ်(၈၀၀၀)ထောင် အထိ ဈေးကောင်းများရရှိသည့် အတွက် ကွမ်းသီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)