မိုင်းဖြတ် ဒီဇင်ဘာ ၂၄
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်ပိုစတာကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ မြေစိုက်နံရံကက်ပြဘုတ်၌ ခင်းကျင်း ပြသခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ အသိပညာပေးမြေစိုက်ဘုတ်၌ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လုပ်ငန်းများဆောင်ရွက်သည့် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သည့် မှတ်တမ်းပုံများပါဝင်သည့် ဗီနိုင်ပိုစတာကို ခင်းကျင်း ပြခဲ့သည်။
အသိပညာပေးမြေစိုက်ဘုတ်သည် မိုင်းဖြတ်မြို့ရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် ဆောင်ရွက်ထားရှိသည့်အတွက် အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူလေ့လာဖတ်ရှုကြကြောင်း သိရသည်။
သန်းထွန်းအေး