ဝက်လက် ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ ထိုးနှံခြင်း မရှိသေးသည့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဝင်းလဲ့ရွှေရည် ဇတ်ရုံအတွင်း စုရပ်နှစ်ခုတွင် ထိုးနှံပေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆေးတစ်လုံးကို ငါးဦးနှုန်း ထိုးနှံပေးရာ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေစေခြင်း၊ စသည့် ကျန်းမာရေး စောင့်ရှောက်မှု များ ပြုလုပ်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၁၀၀၀)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကော်မတီထံမှ သိရှိရသည်။
စိုးစိုးလှိုင်