စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပသတင်းပေးပို့ခြင်း

စစ်တွေ        ဒီဇင်ဘာ     ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Commuinty Center) ခန်းမ၌ ယနေ့ နံနက်(၁၀ ၀၀)နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အကြမ်း ဖက်ခံနေရတဲ့ ဘဝက လွတ်မြောက်အောင် ရုန်းထွက်နိုင်ရေး၊ အကြမ်းဖက်ခံရတဲ့သူကိုယ်တိုင် လိုအပ်လာလျှင် ဆက်သွယ်ဆောင်ရွက် ရမည့် ဌာနများ သိရှိစေရန် ရည်ရွယ်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်ယုယုနွယ် ခရိုင်ဦးစီးမှူးက ရှင်းလင်းပြောကြားပြီး သိလိုသည်များအား မေးမြန်ဆွေးနွေးရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် လူမူဝန်ထမ်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတွေအပေါ် ကာကွယ် ပေးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက သီးခြား အထူးသဘောတူ စာချုပ်ကြေငြာစာတမ်းတွေ ရေးဆွဲထားပြီး မိမိနိုင်ငံနဲ့ ဆီလျော်မယ့် ဥပဒေမဟာဗျူဟာစီမံကိန်း တွေရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးအတွက် အသိ ပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ၊ မြေစိုက်ပိုစတာ စိုက်ထူ ခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း နှင့် ဘဝရပ်တည်နိုင်ဖို့ အိမ်တွင်းမှုကျောင်းတွေ ဖွင့်လှစ်ပြီး အချုပ်အလုပ်၊ အချက်အပြုတ်သင်တန်းများနှင့် ကျောင်းအခြေပြု ရပ်ရွာအခြေပြုအထိ ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း လိုအပ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အသိပေးခြင်းဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲပါသည်။

စစ်တွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show များ ပြုလုပ် လျက်ရှိရာ ဒီဇင်ဘာလအတွင်း ယခုပြုလုပ်သည့် Talk Show သည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်ကြယ်