စစ်ကိုင်း ဒီဇင်ဘာ ၂၄
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမရှိ သီတာခန်းမအတွင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အဖွင့်အမှာစကား ဆွေးနွေး ပြောကြားရာ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြတ်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေး စိတ်ဓာတ်များ ကျောင်းသား လူငယ်/ လူရွယ်များ အတွင်း မြင့်မားစေရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲကို ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဒေါက်တာ မြင့်ထွန်းဦး၊ ပါမောက္ခ(ဌာနမှူး)၊ သမိုင်းဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ဒေါက်တာကျော်ဆွေညွန့်၊ ပါမောက္ခ (ဌာနမှူး)၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်၊ ဦးစန်းလွင်၊ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းအုပ် (ငြိမ်း)၊ ပြင်ပစာပေ ပညာရှင်တို့က မျိုးချစ်စိတ်ဓာတ်နှင့်အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာ့သမိုင်းကြောင်းတစ်လျောက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်