နတ်မောက်မြို့နယ် ကြူချောင်းကျေးရွာရှိ အိမ်ထောင်စု(၂၅)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိတ်ဓါတ်ဖြူစင်ဂရုဏာရှင်လူမှုကူညီရေးအသင်းနှင့် မေတ္တာမီးအိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က နတ်မောက်မြို့နယ်၊ အိုင်ဇောက် ကျေးရွာအုပ်စု၊ ကြူချောင်းကျေးရွာရှိ အိမ်ထောင်စု(၂၅)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။