သတင်းများ

“ပန်းခင်း”စီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပေးအပ်
Dec 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီက ကျိုင်းတုံမြို့နယ်၊ ပန်မတ်အုပ်စုရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး အရှိန်အဟုန်မပြတ်လိုက်လံနှိုးဆော်
Dec 25,2021
ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှု မဖြစ်စေရေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက် ယမန်နေ့ညနေ ၅ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မပြတ် လိုက်လံနှိုးဆော်ကြောင်း သိရသည်။
သာယာဝတီမြို့တွင် ပြိုလဲပျက်စီးနေအိမ်တစ်လုံးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Dec 25,2021
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်း‌ဒေသကြီး၊သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ ညနေ ၅ နာရီကတောင်ပန်းဆွဲကျေးရွာအုပ်စု၊တောင်ဖလံကုန်းရွာ၌ သစ်ပင်ပြိုလဲပျက်စီးမှုကြောင့် သာယာဝတီမြို့နယ်၊တောင်ဖလံကုန်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဆွေးမြေ့နေသော လုံးပတ် ၁၅ ပေ၊အမြင့် ၄၀ပေ ကုက္ကိုပင်ပြိုလဲပျက်စီး နေအိမ် (၁)လုံး၊လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀)သိန်းကျပ်၊ဆန်ရိက္ခာထောက်ပံငွေ(၄၂၀၀)ကျပ်၊စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့်ကယ်ဆယ်ရေးကစ္စည်း(၁၇)မျိုးပါ(၁)အိမ်ထောင်စာတို့အား တောင်ပန်းဆွဲကျေးရွာအုပ်ချုပ်‌ရေးမှူး၊ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သိရသည်။  
ဇလွန်မြို့နယ်တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲ
မက်မန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ
Dec 25,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင် Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့​ဆက်ဆံရေး ဉီးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရယ် ကာကွယ်ရေးအသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကျင်းပ
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကိုယ်လက် ကျမ်းမာရေးလေ့ကျင့်ခန်း ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာရှိ ဝက်မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Dec 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးမြင့်လွင်နှင့် တာဝန်ရှိသူများ သည် ဒဂုံမှော်ကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာရှိ တောင်သဦးစိန်မောင်း၏ စီးပွားဖြစ် ဝက်မွေး မြူရေးခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိ
Dec 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်