ဆိပ်ကြီးခနောင်တိုမြို့နယ် အ-ထ-ကကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို  ဒီဇင်ဘာ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တို အရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို)တွင် ယမန်နေ့က ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်၊ မြို့နယ်ဦးစီးမှူး ဦးသိန်းရီနှင့် ခရိုင်/မြို့နယ် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီးသည့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူ  ၄၅ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း လုပ်ဆောင်ပေးကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)