ဒေါပုံမြို့နယ် ယမုံနာ (၂)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် ကွင်းဆင်းဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးမှလ.ဝ.ကမှူး ဒေါ်ဝါဝါဆွေနှင့် ဝန်ထမ်းများသည်  ပန်းခင်း စီမံချက်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယမုံနာ (၂)ရပ်ကွက်အတွင်းသို့ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁)ဦး၊ အိမ်ထောင်စုစာရင်း ပြုလုပ်သူ (၁၃)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူ (၉)ဦး၊ စုစုပေါင်း (၂၃)ဦးကိုလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်များအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားဇာတိမြေ အမြဲနေထိုင် လျက်အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမိုးကျော်သူညွန့်ထံမှ သိရသည်။

ယဉ်မော်(ပြန်/ဆက်)