မာန်အောင် ဒီဇင်ဘာ၂၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ ခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်း အောက်ဆီဂျင်စက်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး မာန်အောင်မြို့နယ် လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌဦးကျော်မြမှ စက်ရုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမင်းမှ အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်နိုင်သဖြင့် စေတနာရှင်အလှူရှင် ပြည်သူများနှင့် စက်ရုံ ဖြစ်မြောက်ရေး ကော်မတီများအား ကျေးဇူးတင်စကားကိုလည်းကောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဒု-ဥက္ကဋ္ဌ ဦးစံတင်မှ အောက်ဆီဂျင်စက်ရုံ ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးထွန်းမြင့်ဇော်မှ ရငွေ/သုံးငွေ ငွေစာရင်းရှင်းတမ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်၊မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မြတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မာန်အောင်မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင် စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့ သာရည်ဖြင့် ပက်ဖျန်းခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အောက်ဆီ ဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တတ်ရောက် ခဲ့ကြကြောင်း သိရသည်။
သိန်းဖေ (ပြန်/ဆက်)