အင်္ဂပူမြို့ စိမ်းလန်းစို​​ပြေရေးနှင့် အမှိုက်ကင်းစေရေးအတွက် စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ် 

အင်္ဂပူ ဒီဇင်ဘာ ၂၅ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ခရိုင် အင်္ဂပူမြို့တွင် ယနေ့နံနက်ပိုင်းက မြို့သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် စုပေါင်း အမှိုက်ကောက်ပွဲကို ဇွဲမာန်အောင် စတိုးဆိုင်ရှေ့ မှ ငွေဗျိုင်းဖြူဆီဆိုင်ရှေ့ အထိမြို့ဝင် ဟင်္သာတ-မြန်အောင် ကားလမ်းမကြီးတလျောက်၌ ပြုလုပ်ခဲ့သည်။ 

အဆိုပါစုပေါင်းအမှိုက်ကောက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်မိုး ဦးဆောင်သော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းဦးဆောင်သောဝန်ထမ်းများ၊​စုပေါင်းပြီး မြို့သန့်ရှင်းသာယာလှပ​ရေး၊စိမ်းလန်းစိုပြေရေး၊  အမှိုက်ကင်းစင်ရေးအတွက် စု​ပေါင်း အမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များခုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့်ဖြတ်ခြင်း၊သစ်ပင်များအားခုတ်ထွင်ရှင်းလင်းခြင်း ရှင်းလင်းပြီးအမှိုက်များအားစနစ်တစ်ကျစုပုံမီးရှို့ခြင်းများဆောင်ရွက်ခြင်းနှင့်အပတ်စဉ် စနေနေ့တိုင်း ဌာနအလိုက် ဘုရားကျောင်း၊ကန်များတွင် စုပေါင်းသန့်ရှင်းရေးများဆောင် ရွက်​ခြင်း၊အမှိုက် ကောက်​ခြင်းများဆောင်ရွက်ခဲ့ရာစုပေါင်းအမှိုက်ကောက်ပွဲ၌ပြည်သူများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မြို့နယ်