မိုင်းလုံ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိပါသည်။
ယနေ့မှာလည်း ဒေါ်အိမိုးခိုင်က ကျောင်းသား/သူများနှင့် ကလေးငယ်များကို စာအုပ်စာပေနှင့် အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာ သော သားသမီးများဖြစ်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြု တတ်စေရန် ရည်ရွယ်၍ တောင်ရိုးစာပေမှ ရေးသားသော “ပတ်ဝန်းကျင် သာယာစိတ်ချမ်းသာ” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုခြင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ် များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး ၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)