မိုင်းပျဉ်း ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက်၉နာရီက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊Community Centerခန်းမတွင် လွပ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်၃ ဒေါ်ခင်သန္တာအောင်က ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (လင်းလက်ဝေဖြာစေမည့်အနာဂတ်နိုင်ငံ နှင့်အတူ)စသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လွပ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ကို We Love Mine Pyin လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် အဆိုပါလူမှုကွန်ယက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)