(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ဟင်္သာတမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်း မ၌ ကျင်းပခဲ့သည်။              

ထို့နောက် အထက်တန်းဆင့် ကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲကို “ဘိုးဘွားတို့အမွေပေး တို့များလွတ်လပ် ရေး“လွတ်လပ်ရေးပန်း အစဉ်မနွမ်းစေဖို့“လွတ်လပ်ရေးဆုံးရုံးခဲ့သော် စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း အဆိုပါပြိုင်ပွဲကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ စာပေဗဟုသုတနှင့် စကားပြောစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်