ချမ်းအေးသာစံမြို့နယ်တွင် ( ၇၄ ) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ     ဒီဇင်ဘာ  ၂၈

(၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်တင်ဇာလွင်က ကလေးများ ဖတ်မှတ် စွမ်းရည်တိုးတက်စေရန်နှင့် သွက်လက် ထက်မြက်သော ကျောင်းသား၊ ကျောင်းသူလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲ ကို ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်