တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ( Mask Campaign) ပြုလုပ်ဆောင်ရွက်

တွံတေး ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန့်မှုဖြင့် ပြည်သူများ ရောဂါကူးစက်မှု မခံရစေရေး စဉ်ဆက်မပြက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီ အချိန်တွင် လူစည်ကားရာနေရာဖြစ်သော လွတ်လပ်ရေးကျောက်တိုင် မီးပွိုင့်လမ်းဆုံနှင့် စည်ပင်သာယာ မြို့မစျေးကြီးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် Mask Campaign မြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းတို့၏ ဦးဆောင်မှုဖြင့် ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး Maskများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား