သတင်းများ

မိုးနဲမြို့၌ ၁၂ နှစ်နှင့် အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရေးအတွက် sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မိုးနဲ အ.ထ. က ကျောင်းဝင်းအတွင်းရှိ ပုလဲဆောင်ခန်းမစုရပ်၌  ထိုးနှံပေးခဲ့ကြ‌ကြောင်းသိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club) တို့ပူးပေါင်း၍  စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကွတ်ခိုင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေ 
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ​မြို့ပေါ်‌ကျောင်းများနှင့် ရပ်ကွက်များသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။  
မြောက်ဦးမြို့၌  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲကျင်းပ
Dec 31,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်ပင်ဈေးရပ်ကွက်ရှိ အဆိုပါ မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ်(မြောကိပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် အမှတ် (၃) ရပ်ကွက် မြို့ပတ်လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌မှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စည်ပင်သာယာ‌ရေးဌာန၊ အမှုဆောင် အရာရှိ ဦးအောင်ကျော်ဟိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လားရိူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများ၌ အားကစား ဆိုင်ရာ အသိပညာပေးဟောပြော
Dec 30,2021
လားရိူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက (ခွဲ) အလက(၇) ကျောင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုပြပွဲ/ပြိုင်ပွဲများကျင်းပ
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် (၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့ အကြိုပြပွဲ/ပြိုင်ပွဲများကို ယမန်နေ့နေ့လည် (၂) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
မုံးကိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်များသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။