ကဝ ဒီဇင်ဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေ ချစ်မြတ်နိုးသူအဖွဲ့ (Book Club) အဖွဲ့ဝင် ဒေါ်မျိုးသန္တာထွန်းက “အမေးအဖြေ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)