(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးကြောင်းကဗျာများ ရေးသားထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ပန်းတနော်   ဇန်နဝါရီ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၇၅)မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သုံးကြောင်းကဗျာ များရေးသားထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစစ်ယုန်က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် သုံးကြောင်းကဗျာများ ရေးသား ထုတ်ဝေနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဌာနမှ ဆရာ/ မများနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင် များကအပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)