ဝက်လက်မြို့ ၌ ဓာတ်မြေသြဇာ အကျိုးရှိစွာ အသုံးစွဲနည်း အသိပညာပေး သင်တန်းဖွင့်

ဝက်လက်   ဇန်နဝါရီ   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် နာရီ အချိန်က မြို့နယ်အတွင်း ကျေးရွာ အသီးသီးရှိ ဒေသခံတောင်သူများကို ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲနည်း အသိပညာပေး သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်း ဖွင့်ပွဲတွင် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည် က စပါးသီးနှံ အပါအဝင် သီးနှံပင်များ အဟာရဓာတ် လိုအပ်ချက်ကို သိရန် အရွက် အရောင်တိုင်း ကဒ် ( LCC ) ကဒ်ဖြင့် တိုင်းတာပြီး ယူရီးယား ဓာတ်​မြေသြဇာ ထည့်ရာတွင် နွားချေး ( သို့မဟုတ် ) သဘာဝ မြေသြဇာ တစ်မျိုးမျိုးဖြင့် ရောပြီး နွားချေး သုံးဆနှင့် ဓာတ်မြေသြဇာ တစ်ဆ (:)ရောပြီး ကျွေးခြင်းသည် သာမာန်ကျွေးခြင်းထက်ပိုမို အကျိုးရှိပါကြောင်းနှင့် သီးနှံကြီးထွားမှု အဆင့်တိုင်းတွင် စနစ်တကျ ထည့်သွင်းပါက ပိုမို၍ကြီးထွားမှု များပါကြောင်း စသည့် လုပ်ဆောင်ရန် အချက်များ သင်တန်း ပို့ချပြီးနောက် မြို့နယ် မြေအသုံးချရေး တာဝန်ခံ ဒေါ်ထွေးမိုး က မြေဆီလွှာ ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်ရမည့် နည်းစနစ် များနှင့် သီးနှံအထွက် တိုးတက်ရေး ဆောင်ရွက်ရမည့် နည်းစနစ်များ ၊သီးနှံအတွက် အဓိက လိုအပ်သည့် အာဟာရဓာတ်များ အကြောင်း ဆွေးနွေး ပို့ချသည်။

အဆိုပါ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို တာဝန်ရှိသူတစ်ဦးကလည်း  ဓာတ်မြေသြဇာစျေးနှုန်း မြှင့်တက်နေသောကြောင့် ယခုလို အချိန်ကာလတွင် ဓာတ်မြေသြဇာကို နည်းစနစ် မှန်မှန်ကန်ကန်နှင့် လိုအပ်သည့် အချိန်ကိုက် အချိုးညီသုံးစွဲခြင်းဖြင့်ကုန်ကျ စရိတ်လျော့နည်းပြီး ပိုမိုအကျိုးပြုစေရန် ရည်ရွယ်၍ ယခုသင်တန်း ဖွင့်လှစ်ကြောင်း ပြောကြားသွားပါသည်။

ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲရေးနည်းပညာ သင်တန်းသို့ မြို့နယ်အတွင်းရှိကျေးရွာ အသီးသီးရှိ ဒေသခံတောင်သူ      ၆၃        ဦး တက်ရောက် ကြကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)