တနင်္သာရီ ဇန်နဝါရီလ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင်း မလာရောက်နိုင်ကြသော ကျောင်းသား/သူများနှင့် ကလေးသူငယ်များအတွက် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့်တိုက် Page မှာ Online မှတစ်ဆင့်ပညာပေး အစီအစဉ်များနဲ့ ပုံမှန်ပညာပေးလွှင့်တင်ပေးလျက်ရှိရာ ယခုတစ်ပတ်အတွက် ပုံပြင်ပြော အစီအစဉ်ကို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာကြည့်တိုက်မှူး ဒေါ်သန်းဖြူလွင်က ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် “အတူတကွ” ဆိုသည့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုရှိရေးကို ရည်ရွယ်သည့် ပညာပေးပုံပြင်ကို တင်ဆက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်းမှာ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ကြတဲ့ စာပေဝါသနာရှင်များနဲ့ စာပေချစ် မြတ်နိုးသူများက စာပေအကြောင်းအရာများနှင့် အစဉ်ဆက်မပြတ် အသိပညာတိုးပွားစေရန်အတွက်လည်း စာအုပ်မိတ်ဆက် ခြင်းအစီအစဉ်၊ ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဖတ်ခြင်း၊ အခြားပညာပေး ဆောင်းပါးများ မိတ်ဆက်ပေးခြင်းနဲ့ပြည်သူများသိသင့်သိထိုက်သော Talk Show ပညာပေးဆွေးနွေးပွဲ အစီအစဉ်များကိုလည်း ရိုက်ကူး၍ တနင်္သာရီမြို့နယ်ပြည်သူ့စာကြည့် တိုက် Page တွင် အပတ်စဉ်တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)