ပုသိမ်ကြီးမြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ပုသိမ်ကြီး ဇန်နဝါရီ  ၁၂

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက ရေထွက်ကျေးရွာအုပ်စုသို့ လှည့်လည် အသိပညာပေး နှိုးဆော်ကြေညာခဲ့သည်။

ထိုသို့ လှည့်လည်အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် ပြည်သူများအတွက် စိုးရိမ်ရသည့် မျိုးကွဲဖြစ်သည့်အတွက် မြို့နယ်တွင်းရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ်အတွင်း၌ သာနေ ထိုင်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာတွင် နေထိုင်ပြောဆိုကြရန်၊ လက်တွင်ကပ်ပါလာနိုင်သည့် ဗိုင်းရပ်စ်ပိုးများကို သေစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များရှိ ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက် ကောင်းမွန်သည့်နေရာတွင် နေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက် များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် အသိပေး နှိုးဆော်ကြေညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)