ဖာပွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ဆောင်ရွက်

ဖာပွန်  ဇန်နဝါရီ  ၁၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်"အိုမီခရွန်" အကြောင်းသိကောင်းစရာများအကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍  အိုမီခရွန်အကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်နန်းခင်ခင်ထွန်းက  (TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်း‌ပြောကြားပြီး အကြီးတန်းစာ‌ရေး ဒေါ်ခင်ကြူကြူသိန်းနှင့်အတူ အိုမီခရွန်အကြောင်းသိကောင်းစရာများ၊ ဗိုင်းရပ်စ်သစ်တွေ့ရှိကြောင်း WHO ကြေညာချက်၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ ပြည်ပနိုင်ငံများနှင့်အိုမီခရွန်၊ အိုမီခရွန်၏ထူးခြားသောအချက်များ၊ မိမိကိုယ်ကိုကာကွယ်ရမည့်အချက်များကို Online မှတစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)