တာချီလိတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ကျောင်းသူများ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများနှင့် ပြည်ထောင်စုလမ်းမတွင် ဖြတ်သန်း သွားလာ သော ဒေသခံပြည်သူများအား သတင်းစကား လက်ကမ်း စာစောင် (၂၅၀) စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ် အောင်ဆန်း ၂၀-၁-၁၉၆၄ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ် ချက်ဖြစ်သည့် ''အမျိုးသားညီညွတ်ရေး" ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဉီးတည်ချက်(၄)ရပ်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဉီးနုပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် "လွတ်လပ်ရေးကို ကာကွယ်ရမယ်"၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏(၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ စာရေးဆရာ ဖိုးလေးသောင်း ကိုကို ရေးသားသည့် "တို့များဆင်မြန်းလွတ်လပ်ပန်း" ကဗျာ၊ အထိမ်းအမှတ်ဆောင်ပုဒ် နှင့် ကာတွန်းများ ပါဝင်ကြောင်းသိရသည်။
ယာဆေး