ကျောက်ဆည် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် လူငယ်များ အသက်အရွယ်ငယ်စဉ်က ပင်ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ခန္ဓာကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ စည်းလုံးညီညွှတ်မှုရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန်အတွက် ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အားကစားပြို်ငပွဲများကျင်းပပြုလုပ်ရာတွင် အမျိုးသမီးထုပ်ဆီးထိုးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲ ပြိုင်ပွဲ၊ အိပ်စွပ်ပြိုင်ပွဲများနှင့် အားလူးကောက်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြကြောင်း သိရှိရ သည်။
ပြိုင်ပွဲများအပြီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ် ပညာရေးမှူးဒေါ်မိမိအောင်၊ မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာန၊မြို့နယ်တာဝန်ခံဦးဇော်မျိုးနှင့် တာဝန်ရှိသူများက ထုပ်ဆီးထိုး၊ လွန်ဆွဲ၊ အိပ်စွပ်၊ အားလူးကောက် အားကစားပြိုင် ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ကျောင်းသူမျာအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)