တာလေ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးများအား ပေါင်ချိန်ခြင်း၊ ဝက်သက်- ဂျိုက်သိုး၊ BCG ကာကွယ်ဆေး၊ PCV ငါးမျိုးစပ် ကာကွယ်ဆေး၊ PENTA ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ OPV ပိုလီယိုအစက်ချ ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်း များအား ဆောင်ရွက်ကြသည်။
အဆိုပါ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ပေါင်ချိန်ခြင်း အစီအစဉ်ကို တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးလက် ကျန်းမာရေးဌာနခွဲ၌ သားဖွားဆရာမ ဒေါ်ခင်ခင်ရီနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး