ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူး‌ပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို  ယနေ့နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊လူငယ်လူရွယ်များ၊စာပေချစ်မြတ်နိုးသူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်‌ကောင်းများရရှိစေရန်၊ စာပေအသိပညာများ အချင်းချင်း မျှဝေပေးနိုင်ရန်၊ စာပေ ချစ်မြတ်နိုးသူများ အချင်းချင်း ရင်းနှီးမှုရစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်  ပြုလုပ်ပေးရခြင်း   ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း  ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုဖြစ်စဉ်များ အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်ဝေဝေလွင်က  ဒေါက်တာခိုင်ခိုင်ဝင်းရေးသားသည့် လူကုန် ကူးခြင်း( သို့)လူ့အခွင့်အရေးချိုးဖောက်ခြင်း ခေါင်းစဉ်ပါ ဆောင်ပါးအား ဖတ်ရှုဆွေးနွေးခဲ့ပြီး၊ စာဖတ်ပရိသတ် ဦးသက်လွင်ထွန်းက‌ ဒေါက်တာခက်မောင်ညိုရေးသားသည့် လူကုန်ကူးမှု မာယာထောင် ချောက်ခေါင်းစဉ်ပါ ဆောင်ပါးအား ဖတ်ရှုဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ ဆောင်းပါးများပါ အကြောင်းအရာများ အား ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဌေးဌေးလှိုင်