ကြံခင်းမြို့တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

ကြံခင်း  ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီ အချိန်က ကြံခင်းမြို့(အထက)ကျောင်းရှေ့ဘောလုံးကွင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးမှ ရပ်ကွက်/ ကျေးရွာများရှိ အားကစားသမားကောင်းများပေါ်ထွက်လာစေရန်  ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ တင်းနစ်၊ ကြက်တောင်ရိုက်၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ တွင်ဆု ရရှိသော အသင်းများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ပျော်ပွဲရွှင်ပွဲအဖြစ်ခေါင်းအုံး ရိုက်ပြိုင်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

ထိုနောက် အခြေခံပညာကျောင်းများမှ အားကစားပြိုင်ပွဲကျင်းပရာတွင် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်း တွင်း ပြိုင်ပွဲများမှ ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများကို မြို့နယ်အဆင့်ယှဉ်ပြိုင်ကြရာ တာတို အပြေး ပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်းမြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူထံက သိရသည်။

မိုးမိုး(ပြန်/ဆက်)