နောင်မွန်း ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီ အချိန်၌ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (ကျား)ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ မီတာ ၁၀၀/၂၀၀/၄၀၀/၈၀၀ အပြေးပြိုင်ပွဲများ ကျင်းပကာ ပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးခဲ့ကြောင်းသိရ သည်။
အဆိုပါ ပြိုင်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးပါဝင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)