သတင်းများ

နောင်ချိုမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက် သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ လည်းကောင်း၊ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် (၇ )အချိန်က လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများ ဆုချီးမြှင့်
Jan 05,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဗန်းမော်ခရိုင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ပူတာအိုမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများနှင့် စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဆုများပေးအပ်ချီးမြှင့်
Jan 05,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရ ကျောင်းသား/သူများအား ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာ အသီးသီး၌ ကျင်းပသည်။
လွိုင်ကော်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန် ပန်းခြံ၊ ကျောက်သားရင်ပြင်နှင့် ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများ မိုင်းယောင်းမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် သီတာအေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ (၈၀)%ခန့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ -၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၂၂.၅၀) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီတာအေးလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ၃ရက်‌နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်မူ (၈၀)%ခန့်ထိ ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲကျင်းပ
Jan 05,2022
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက (၁) လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယမန်နေ့ နံနက် ၇ နာရီက ကျင်းပရာ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားပြည်သူများ  တက်ရောက်သည်။
ဝိုင်းမော်မြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 05,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ခန်းမ၌ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကချင် ပြည်နယ်နေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပ ခဲ့သည်။