မိုးနဲ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့်၊ စာစီစာကုံး၊ ကျပန်းစကားပြော၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများ အားဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိုးနဲ(အထက) ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)