တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်

တကောင်း ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ တကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် များက တက္ကသိုလ်စိန်မြင့်ထွန်း  ရေးသားသည့် ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သင်ခန်းစာ လက်စွဲစာအုပ်ဖြင့်   စာဖတ် ဝိုင်းကို  ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Center) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဉီးစီးမှူး ဒေါ်သီရိအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်စာပေဖတ်ရှု့သည့် အလေ့အထတိုးတက်မှုများရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဆရာဦးဩမှ မူးယစ်ဆေးဝါးနှင့်လူ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်ကောင်း၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဒေါက်တာခန့်မှူးအောင်က  မူးယစ်ဆေးဝါးအုပ်စုများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီရိအောင်(တကောင်း)