ရေဦး၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သ၀ဏ်လွှာ ဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရေဦး ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သ၀ဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီမိနစ် ၂၀ က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အလံတိုင်ရှေ့တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲနှင့် ၀န်ထမ်းများ၊  စစ်မှုထမ်းဟောင်းများ၊ လူမှုရေး အသင်းအဖွဲ့၀င်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အလံတင်အဖွဲ့၏ ဦးဆောင်မှုနှင့်အတူ တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံအား အလံတိုင်ထိပ်သို့ လွှင်တင်ခဲ့ကြပြီး တစ်ညီ တစ်ညွတ် တည်း အလေးပြုခဲ့ကြသည်။

အစီအစဉ်အရ နံနက် ၇ နာရီတွင်‌ ရွှေနဒီဦးခန်းမ၌ သ၀ဏ်လွှာဖတ်ပွဲပြုလုပ်ခဲ့ရာ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ထံမှ ပေးပို့သည့် လွှတ်လပ်ရေးနေ့ သ၀ဏ်လွှာကို  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်တာ၀န်ရှိသူများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် ဌာနဆိုင်ရာအလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုး၊ ဆန်ကောရွက်၊ ချိုချဉ်လု၊ အပ်ထိုး၊ နှစ်ယောက်တွဲ  ခြေပူးအပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးနှင့် လွန်ဆွဲပြိုင်ပွဲ၊ ဇွန်းကိုက်နှင့်အာလူး ကောက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သန်းထိုက်