တကောင်းမြို့၊ အခြေခံပညာအထက်ကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

တကောင်း  ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီက ခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မီတာ(၅၀)အပြေး၊ မီတာ(၅၀)အာလူးကောက်၊ မီတာ(၅၀)အိတ်စွပ်၊ အလယ်တန်းအဆင့် ထုပ်စည်းတိုးပြိုင်ပွဲနှင့် အထက် တန်းအဆင့် လွန်ဆွဲပြိုင်ပွဲများကို ကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အခမ်းအနားဖြင့် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ပြုလုပ်ခြင်းဖြင့် ကျောင်းသား/သူများ စည်းလုံးညီညွှတ်မှုရှိစေခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေပြီး အားကစားစိတ်ဓါတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

သီရိအောင်(တကောင်း)