ပုဗ္ဗသီရိ ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀)ဆံ့ ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ မသန်စွမ်းသူများနှင့် နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ က ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)