ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်တို့မှ ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ၊ ဘာကြောင့် ကလေးအလုပ်သမားတွေ ရှိနေရတာလဲ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေများအကြောင်း၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့်သလဲ၊  အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရတဲ့ကလေးတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေများ အကြောင်းနှင့် ကလေးအလုပ်သမားတွေ လျော့ချဖို့ ဆောင်ရွက်သင့်တဲ့ နည်းလမ်းများအကြောင်းကို  ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ