ပန်းတနော်မြို့၌ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

မအူပင် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ အရောင်းဆိုင်များ၌ အရည်အသွေးနိမ့်မြေဩဇာများ ရောင်းချနေမှု ရှိ၊ မရှိ  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍  ပန်းတနော်မြို့နယ် ဓါတ်မြေဩဇာ အရောင်းဆိုင်များဖြစ်သည့် အလယ်ပိုင်းရပ်ကွက်ရှိ သိန်းညွှန့် အရောင်းဆိုင်မြင့် အရောင်းဆိုင်နှင့် ရန်ကုန် ပုသိမ်ကားလမ်းမဘေးရှိ ရွှေဝါဝင်းအရောင်းဆိုင်များ၌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို  ပြန်လည်ထုပ်ပိုးပြီး အတုများပြုလုပ်လျက် ဈေးကွက်ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်းရှိ၊ မရှိ၊ ဈေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိများအားကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဌာနကတားမြစ်ပိတ်ပင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများတင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူ တောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ သုံးစွဲပုံအညွှန်းအား မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထားသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 အောင်မြင့်မြတ်(ပြန်/ဆက်)