ခန္တီး ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့က (၃၅)နှစ်မြောက် ကျောက်စိမ်းရတုနာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ချင်းတွင်းရတနာ ဂေါက်ကွင်းအတွင်းပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်ကစားသမား(၆၀)ဦးတို့က တွဲဆိုင်း(၁၁)တွဲဖြင့် အကြီးတန်း၊ အငယ်တန်းခွဲ၍(၁၈)ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆုပေးပွဲနှင့်ညစာစားပွဲအား ညနေ(၆)နာရီအချိန်တွင် ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာကွင်းအတွင်း ပြုလုပ်ရာခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်က အဖွင့်အမှာ စကားပြောကြားပြီး နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုဥက္ကဋ္ဌ ဦးအောင်ထွဋ်က အမှတ်တရ စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်ကစားသမားများအား ရိုးရာအကအလှများ၊ ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)