ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) စဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်

ကျိုင်းတုံ ဇန်နဝါရီ ၂၇

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၁၀)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြား‌ရေးမှူး ‌ဒေါ်နော်ရုသ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စာတတ်မြောက်‌ရေးလုပ်ငန်းဆောင်ရွက်ပြီးနောက် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်း၊ မက်မန်း၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့နယ်များမှ သင်တန်းသား/သင်တန်းသူ ၂၉၈ ဦးတက်ရောက်ပြီး ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)