ကံမ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ယနေ့နံနက်(၁၀)နာရီက စတင်ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ အာဟာရကျွေးမွေးရာတွင် ကျောင်းသား/ကျောင်းသူကလေးငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမည့် အစာအုပ်စု(၃)အုပ်စု သင့်တင့်မျှတစွာပါဝင်၍ ကယ်လိုရီပြည့်ဝသည့် အစားအစာများအားကျွေးမွေးစေခြင်းဖြစ်ပြီး ကံမမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ဇန်နဝါရီလတွင်(၁)ကြိမ် ဖေဖေါ်ဝါရီလတွင် (၂)ကြိမ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ကျော်ဇေယျဝင်း(ကံမ)